" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 03, 2013

First Edition of Miss Grand International & Htar Htet Htet


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပထဦးဆုံးအကြိမ်မြောက်ကျင်းပမဲ့ Miss Grand International ပြိုင်ပွဲကို (၂၀၁၃)ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ကနေ (၁၉ )ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မြန်မာပြည်ကအလှမယ် ထားထက်ထက်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စုစုပေါင်း (၈၆)ယောက်ရှိပါတယ်။  နောက်ဆုံးပြိုင်ပွဲဝင်မဲ့ အခမ်းအနားကို channel 7ကနေ live telecast ထုတ်လွှင့်မယ်လို့ သိရပါတယ်။ ထားထက်ထက်က ကျွမ်းဘားမယ်လို့လည်း သိရပါတယ်။ အရှေ့ တောင်အာရှနိုင်ငံတွေ သွားပြီး ပြိုင်ပွဲဝင်ဖူး၊ သရုပ်ပြဖူးတယ်လို့ သိရပါတယ်။ သူ Miss Myanmar International 2013 မှာလည်း ဝင်ပြိုင်ဖူးပါတယ်။ Miss APAC Myanmar 2013 ဆုကိုရပေမဲ့ အချိန်တိုက်နေလို့ Miss Grand International ကိုပဲ ဝင်ပြိုင်တယ်လို့ သတင်းတစ်ခုထဲမှာ ဖတ်ဖူးပါတယ်။ ခုလောလောဆယ်တော့ ဒီနေ့ နေ့လည် ထိုင်းကိုရောက်သွားပြီဆိုတဲ့သတင်းကို ဖတ်ရပါတယ်။


With Khin Wint Wah at MM Intl Airport 
Already Arrived
At Suvarnabhumi Airport 

talentပြိုင်ပွဲမှာ (၄)မိနစ်ရတာမို့ (၂)မိနစ်ကိုစောင်းတီး (၂)မိနစ်ကို ကျွမ်းဘားကစားမယ်လို့ သိရပါတယ်။ ကြည့်ရတာ စောင်းကို မြန်မာဝတ်စုံနဲ့တီးမယ် မထင်ပါဘူး။ ကျွမ်းဘားလည်း ကစားပြမှာဆိုတော့။


အောက်ကဝတ်စုံကတော့ သူပြိုင်ပွဲဝင်မဲ့ ရိုးရာဝတ်စုံပါ။ ရိုးပေမဲ့ လှတယ်။ အရောင်တွေ matchဖြစ်တယ်။ ထားထက်ထက်ကိုယ်လုံးနဲ့လည်း လိုက်တယ်လို့ ထင်ပါတယ်။


ထားထက်ထက်ကို တရားဝင် voteလုပ်ပေးချင်ရင်တော့ http://www.missgrandinternational.com/votemissgrand.phpမှာ vote ပေးလို့ရပါတယ်။ အောက်က ဓါတ်ပုံတွေကတော့ ထားထက်ထက်ရဲ့ဓါတ်ပုံတွေထဲကမှ သဘောကျမိတဲ့ပုံတွေ တင်ပေးထားတာပါ။ သူ.. သနပ်ခါးရေကျဲလေးလိမ်း၊ စောင်းတီးလေ့ကျင့်တဲ့ပုံလေးတွေကို သဘောအကျဆုံးပါ။ ဒါပေမဲ့ ဘယ်နား save မိမှန်း မသိပါဘူး။ ရှာမရလို့ စုထားတာတွေထဲက ကြိုက်တာတွေပဲ တင်ပေးလိုက်ပါတယ်။












+ + + + +
လက်ရှိတော့ ထားထက်ထက်အပြင် Japan, Wales နဲ့ USAနိုင်ငံတွေက အလှမယ်တွေကိုလည်း သဘောကျမိပါတယ်။ (First Glance's Choice)

Eriko Yoshii, Miss Grand Japan 2013  
Miss Grand Japan arrived airport





 + + + + +
Thank you for reading this post.
witch83 (03/Nov/2013; 5:03PM; GMT+8)

Sources; Miss Grand International, Miss Grand Myanmar, Htar Htet Htet's FB, Google

1 comment:

  1. ထက်ထက်က တကယ်ကိုချစ်စရာကောင်းပါတယ် တခြားချစ်စရာလေးတွေအများကြီးကြည့်ရလို့ကျေးဇူးပါ

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer