" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 22, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၃

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁ နဲ့ (၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၂ ကိုရေးလို့အပြီးမှာ အပိုင်း(၃)ကို ဆက်ရေးပါရစေ။ အပိုင်း(၃)မှာတော့ အပိုင်း(၂)မှာ အစပျိုးခဲ့တဲ့ Jennifer Hawkins (MU2004) အကြောင်းက စရေးပါရစေ။ ပြီးရင်တော့ MU2007 ဖြစ်တဲ့ Miss Japan, Riyo Mori  အကြောင်း ပြောပြချင်ပါတယ်။

+ + + + + + + + + + + + + + +

Jennifer Hawkins ဟာ Austrialia ကပါ။ (၂၀၀၀-၂၀၁၂)ကြားက မယ်စကြာဝဠာတွေကြားထဲမှာ အသွက်ဆုံး၊ အဖော်ရွေဆုံး၊ အဟော့ဆုံးလို့ ပြောလို့ရပါတယ်။

Jennifer Hawkins, MU2004

သူမကို ကို ဘာကြောင့် နှစ်သက်မိတယ်၊ ဘာကြောင့် outgoing and fiered beauty queen ဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကို သိချင်ရင်တော့ အောက်က ဗွီဒီယို clip လေးကိုသာ ကြည့်ကြည့်လိုက်ပါ။


MU2004 ပြိုင်ပွဲကို အီကွေဒေါနိုင်ငံမှာ ကျင်းပခဲ့တာပါ။ ပြိုင်ပွဲအတွက် camp သွင်းပြီး ယှဉ်ပြိုင်နေကြတုန်းမှာ လူကြိုက်များခဲ့တဲ့ အလှမယ်တွေကတော့ Miss Aruba, Miss France, Miss Ecuador (local favourite), Miss USA, Miss Venezuela, Miss Ukraine, Miss Autrailia နဲ့ Miss Norway တို့ပဲ ဖြစ်ပါတယ်။ Presentation Show ပြီးသွားတဲ့အချိန်မှာတော့ Switzerland, Greece, Philippinesနဲ့ Jamaica ကအလှမယ်တွေပါ လူကြိုက်များတဲ့စာရင်းထဲ ပါလာပါတယ်။

Miss Ecuador, 2004: Susana Rivadeneira


ကျမကတော့ ဒီ MU2004 ပြိုင်ပွဲမှာ Jennifer Hawkins အပြင်၊ Miss.Ecuador, Susana Rivadeneira Simbal နဲ့ Miss.USA, Shandi Finnessey တို့ကို ကြိုက်ပါတယ်။ Shandi ဟာ တကယ့်ကို true goddess ပါ။ ကျမရဲ့ all-time favourite listထဲမှာ ပါပါတယ်။  Miss Universe မဖြစ်ခဲ့ပေမဲ့ ကိုယ်လုံးအရမ်းလှပြီး၊ အရပ်လည်းမြင့်၊ မျက်နှာလေးကလည်းလှပါတယ်။ ဖော်ရွေပြီး လူတွေနဲ့ လိုက်လျောညီထွေရှိပါတယ်။ ပြီးတော့ Shandiကိုမြင်ရတာ တကယ့် ဘာဘီအရုပ်ကလေးကို အပြင်မှာ တွေ့နေရသလိုပါ
ပဲ။ ခုချိန်ထိ လူတွေ တသသပြောနေရတဲ့ အလှမယ်ထဲမှာ Shandi ပါပါတယ်။ MU2012, Olivia Clupo ကို sweet ဖြစ်လို့ ချစ်မိပေမဲ့ Olivia ဟာ Shandi နဲ့ယှဉ်ရင် အကွာကြီးပါ။ ( နောက်မှ သူ့အကြောင်း သတ်သတ်ရေးဦးမယ်။ :P )

Miss USA (2004), Shandi Finnessey
Shandi with Miss Switzerland
Shandi အကြောင်းကိုရပ်ပြီး MU2004 ပွဲအကြောင်းနဲ့ Jennifer Hawkins အကြောင်း ပြန်ဆက်ပါရစေ။ MU2004 မှာထူးခြားတာတစ်ခုက Miss.Venezuela ဟာ top-10 ကို ပါမလာပါဘူး။ (၂၂)နှစ်ဆက်တိုက်တိုင်အောင် Venezuela ဟာ ဘယ်တော့မဆို top-10 ကို တက်လှမ်းနေကြပါ။ (၂၀၀၄)မှာတော့ ပြုတ်ကျန်နေခဲ့ပါတယ်။

Final Top-10
Final Top-5, Jennifer and Shandi outshine here, huh?
Final Top-5 ကို တက်လှမ်းခဲ့တဲ့သူတွေကတော့ Miss Trinidad & Tobago, Miss Austrailia, Miss Puerto Rico, Miss USA နဲ့ Miss Paraguay တို့ပါ။

Waiting for the announcement
နောက်ဆုံးမှာတော့ Shandi က first runner-upနဲ့ ကျေနပ်ခဲ့ရပြီး Jennifer က Miss Universe 2004 ဖြစ်သွားပါတယ်။ MU2004 ပွဲစဉ်တလျှောက် Jennifer ဘယ်သွားသွား.. လူတွေက အားပေးကြတာမို့.. သူ့နာမည်ကို ကြေငြာလိုက်တဲ့အချိန်မှာတော့ လူအုပ်ကြီးဟာ အုန်းအုန်းမြည်အောင် သြဘာပေးကြပါတော့တယ်။ Presenter တွေက "What a moment"လို့ ပြောရတဲ့အထိပါပဲ။ Jennifer Hawkins မယ်စကြာဝဠာဆုရသွားတဲ့အချိန်မှာ သူမဟာ တခြား MU တွေနဲ့ မတူတဲ့ လမ်းစဉ်ကို လျှောက်မဲ့သူလို့ လူအများက ယူဆခဲ့ကြပါတယ်။ လက်တွေ့ကျတဲ့၊ ဖော်ရွေတက်ကြွတဲ့၊ ဟန်ဆောင်ခြင်းမရှိတဲ့၊ ကြိုတင် အစမ်းလေ့ကျင့်မရှိဘဲ natural အတိုင်းပြုမူကျင့်သုံးတတ်တဲ့ Jennifer ကို လူတွေက အခုချိန်ထိတိုင်အောင် အရမ်းကို အားပေးခဲ့ကြပါတယ်။

Jennifer Hawkins @ MU2004 competition
Miss Universe တစ်ယောက်အနေနဲ့ Jennifer ဟာ ကိုရီးယား၊ ဘဟားမား၊ ချက်ရီပတ်ဘလစ်၊ ဂျာမဏီ၊ ဂရိ၊ ဘရာဇီး၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ကနေဒါ၊ Trinidad & Tobago၊ အိန္ဒိယ၊ အီကွေဒေါ၊ မက်ဆီကို၊ ပူရီတိုရီကို အစရှိတဲ့ နိုင်ငံများအပြင် ထိုင်းနိုင်ငံကိုလည်း အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။ ထိုင်းမှာ အဲ့အချိန်တုန်းက ဆူနာမီဖြစ်ခဲ့တာပါ။ နောက်ပြီး MU2005 ကိုလည်း BKK မှာ ကျင်းပတာမို့ Jennifer ဟာ next MU, Natlie ကို crown သွားဆောင်းပေးခဲ့တာပါ။

သူမဟာ ယခုအချိန်မှာတော့ မော်ဒယ်အလုပ်နဲ့ TV Presenter အလုပ်ကို လုပ်ဆောင်လျက်ရှိပါတယ်။ (၂၀၀၈)ခုနှစ်မှာ သူမရဲ့ ကိုယ်ပိုင် "cozi" swimsuit brand ကို Myer departmental Store နဲ့အတူတွဲပြီး စတင် ထုတ်လုပ်ခဲ့ပါတယ်။ သူမကိုယ်တိုင်လည်း သူဆွဲထားတဲ့ ဒီဇိုင်းတွေကိုဝတ်ပြီး catwalk လျှောက်ခဲ့ပါသေးတယ်။

MU2008 မှာလည်း သူမဟာ ဒိုင်အဖြစ် ပါဝင်ခဲ့ပါတယ်။ Global Beauties ကပေးတဲ့ (၁၉၅၂-၂၀၁၀)ကြား အလှပဆုံးမယ်စကြာဝဠာစာရင်းမှာ နံပါတ်(၂)ချိတ်ပါတယ်။ (၂၀၁၁)ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ သူမဟာ သူမရဲ့ချစ်သူ အမျိုးသားမော်ဒယ် Jake Wall နဲ့ စေ့စပ်ခဲ့ပါတယ်။ သူမတို့နှစ်ဦးဟာ Jennifer.. MU 2004 ပွဲမတိုင်ခင်ကတည်းက တွေ့ခဲ့ကြတာဖြစ်ပြီး ခုချိန်အထိ လက်တွဲထားကြတုန်းပါ။ :)


+ + + + + + + + + + + + + + +

Jennifer Hawkins အပြင် နောက်ထပ်နှစ်သက်မိတဲ့ Miss Universe ကတော့ Miss Universe 2007, Riyo Mori ပါ။ အသက်(၄)နှစ်အရွယ်ကတည်းက စပြီး ကခဲ့တယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံက Quinte Ballet School ကျောင်းဆင်းလည်းဖြစ်ပါတယ်။



 

(၂၀၀၀-၂၀၁၂)ကြားက MU (၁၃)ယောက်ကို fierced beautyဖြစ်တာရယ်၊ outgoingဖြစ်တာရယ်ပေါ်မူတည်ပြီး နံပါတ်စဉ်နဲ့စီရင် Riyo Mori ဟာ Jennifer Hawkins ပြီးရင် ဒုတိယမြောက်လိုက်သူလို့ ပြောလို့ရပါတယ်။ အောက်က movie clip လေးကတော့ သူပြိုင်ပွဲဝင်ထားတာတွေကို ပေါင်းထားတာပါ။


 အောက်က movie clip လေးကတော့ Stage စင်အနောက်ဘက်က Riyo Moriရဲ့ behind the scences တွေပါ။


မှတ်မိသလောက်ပြောရရင် MU2007ပြိုင်ပွဲကို MRTV-4ကလည်း တိုက်ရိုက်ထုတ်လွှင့်ပေးတယ် ထင်ပါတယ်။ အဲ့ဒီပွဲမှာ Miss USA ချော်လဲတာရယ်၊ နှစ် (၅၀)ကျော်ကြာအောင် မရခဲ့တဲ့ မယ်စကြာဝဠာဆုကို ဂျပန်က ပြန်ရခဲ့တာရယ်တွေက MU2007 ပွဲမှာ အမှတ်တရ ဖြစ်စေခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။ နောက်ထပ် အမှတ်တရတစ်ခုက Final Question မှာ သူမ..ဖြေခဲ့တဲ့အဖြေပါ။ အကောင်းဆုံးအဖြေများစာရင်းမှာ ပါပါတယ်။

"အခုချိန်အထိ သက်ရောက်မှုရှိခဲ့တဲ့ သင်ငယ်ငယ်ကရခဲ့ဖူးတဲ့ သင်ခန်းစာဟာ ဘာပါလဲ" လို့ ဒိုင်ကမေးလိုက်တဲ့အခါ Riyo Mori က
"ကျမဟာ ဟိုးငယ်ငယ်ကလေးကတည်းက စပြီးကခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျမရဲ့ဘေးမှာ ဆရာမတွေနဲ့ တခြား ကျောင်းသားကျောင်းသူတွေရဲ့ ဝန်းရံခြင်းကို ခံခဲ့ရပါတယ်။ သူတို့တွေနဲ့ ပေါင်းသင်းဆက်ဆံရတာတွေကနေတဆင့် ကျမဟာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ စိတ်ရှည်တတ်ဖို့နဲ့ အကောင်းမြင်တတ်ဖို့တွေကို လေ့လာသင်ယူခဲ့ရပါတယ်။  ကျမသင်ယူခဲ့ရတဲ့ ဒီသင်ခန်းစာကိုလည်း နောက်မျိုးဆက်သစ်ကို ပြန်သင်ပေးချင်ပါတယ်"
လို့ ဖြေလိုက်တဲ့အခါ လူတွေအားလုံးရဲ့ လက်ခုပ်သံတွေညံသွားပါတော့တယ်။  ဖြေနေတဲ့အချိန်မှာလည်း သူမရဲ့အဖြေကို ယုံယုံကြည်ကြည်၊ တက်တက်ကြွကြွနဲ့ဖြေပါတယ်။
 
Top-5

Mori ဟာ Miss Universe တစ်ယောက်အနေနဲ့ အင်ဒိုနီးရှား၊ စပိန်၊ ဘဟားမား၊ St. Kitts and Nevis, တရုတ်ပြည်၊ မက်ဆီကို၊ ကနေဒါ၊ ဂျာမဏီ၊ ဗီယက်နမ်၊ ပြင်သစ်၊ မိုနာကို၊ San Marino, ရုရှားနဲ့ အီတလီနိုင်ငံများကို သွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ TV presenter အလုပ်နဲ့ မော်ဒယ်အလုပ်ကို လုပ်ကိုင်လျှက်ရှိပြီး သူမရဲ့ ကိုယ်ပိုင်အကသင်တန်းကျောင်းကိုလည်း ဖွင့်ထားပါတယ်။

+ + + + + + + + + + + + + + +

Riyo Mori ပြီးရင်တော့ ကျန်တဲ့သူတွေကို အကြိုက်ဆုံးစာရင်းထဲ မထည့်ထားပေမဲ့ နှစ်သက်မိတဲ့ မယ်တွေထဲကတစ်ယောက်ကတော့ Lara Dutta (MU2000) ပါ။


Lara Dutta ကိုတော့ လှလို့ဆိုတာအပြင်ကို  တည်ငြိမ်ပြီး ထက်မြက်လို့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလို့ ကြိုက်တာပါ။


အပိုင်း (၄)ဆက်ရန်... :)

References
  1. http://www.missuniverse.com
  2. http://globalbeauties.com/blog/2011/01/former-miss-universe-jennifer-hawkins-to-marry/
  3. http://www.globalbeauties.com/mbmu/2011/09/miss-universe-2004-%E2%80%93-jennifer-hawkins-%E2%80%93-will-she-be-the-winner/
  4. http://en.wikipedia.org/wiki/Jennifer_Hawkins
  5. http://en.wikipedia.org/wiki/Riyo_Mori
  6. Google

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer