" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 14, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁

ကျမဟာ ကိုယ်ကိုတိုင်က မိန်းကလေးဖြစ်သော်ငြားလည်း မင်းသား၊ မော်ဒယ်ကောင်လေးချောချောတွေထက် မိန်းကလေးချောချောတွေ့ရင် သဘောကျတတ်ပါတယ်။ လှတဲ့မိန်းကလေးမြင်ရင် လိုက်ကြည့်တတ်လွန်းလို့ တစ်ခါတစ်ရံ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိပါတယ်။ "နာ.. မိန်းကလေးမှ ဟုတ်ရဲ့လား"လို့.. :P ဒီလို မိန်းကလေးချောချောတွေ့ရင် သဘောကျတတ်တဲ့ကျမဟာ International Beauty Pageantတွေကို စိတ်ဝင်စားတာ မဆန်းဘူးထင်ပါတယ်။ ဒါကြောင့်လည်း အလှမယ်တွေအကြောင်းကို မကြာခဏဆိုသလို ရေးဖြစ်နေတာပါ။

အခု ဒီတစ်ခေါက်တော့ (၂၀၀၀ - ၂၀၁၂) ကြားက Miss Universe တွေအကြောင်း ရေးချင်ပါတယ်။ တကယ်တော့ ရေးချင်တာ ကိုယ်နှစ်သက်တဲ့မယ်တွေအကြောင်းပါ။ ဒါပေမဲ့ (၁၄)ယောက်မှာ ကိုယ်ကြိုက်တာက (၁၀)ယောက်လောက် ဖြစ်နေလို့။ :D

(၂၀၀၀)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်ကြားက Miss Universe တွေကတော့

  • Lara Dutta, 2000 (India)
  • Denise Quinones, 2001 (Puerto Rico)
  • Oxana Fedorova , 2002 (Resigned/Dethroned, Russia)
  • Justin Pasek, 2002 (Panama)
  • Amelia Vega, 2003 (Dominican Republic)
  • Jennifer Hawkins, 2004 (Austrailia)
  • Natlie Glebova, 2005 (Canada)
  • Zuleyka Rivera, 2006 (Puerto Rico)
  • Riyo Mori, 2007 (Japan)
  • Dayana Mendoza, 2008 (Venezuela) 
  • Stefania Fernande, 2009 (Venezuela)
  • Ximena Navarrete, 2010 (Mexico)
  • Leila Lopes, 2011 (Angola)
  • Olivia Culpo, 2012 (USA) တို့ပဲ ဖြစ်ကြပါတယ်။

Miss Univereses from 2000 to 2012
Miss Universes appearing as Cover Girls, Who stands out? ;)

တကယ်ဆို (၂၀၀၀)ခုနှစ်ကနေ (၂၀၁၂)ခုနှစ်ကြားထဲ (၁၃)နှစ်သာရှိတာမို့ အလှမယ်(၁၄)ယောက်သာရှိရမှာဖြစ်ပေမဲ့ (၂၀၀၂)ခုနှစ်ရဲ့မယ် Oxanaဟာ မယ်စကြာဝဠာရာထူးကနေ သူ့သဘောနဲ့သူ နုတ်ထွက်သွားတာမို့ first runner-upဖြစ်တဲ့ Justin Pasek က သရဖူလွှဲပြောင်းယူတဲ့အတွက်ကြောင့် (၂၀၀၂)မှာ မယ်နှစ်ယောက်ဖြစ်သွားပြီး စုစုပေါင်း မယ် (၁၄)ယောက်ဖြစ်သွားတာပါ။

Justin Pasek (L) and Oxana Fedorova (R)
Justin Pasek
+ + + + + + + + + +

ဒီမယ်(၁၃)ယောက်ထဲကမှ အနှစ်သက်မိဆုံး မယ်စကြာဝဠာကတော့ ဘက်စုံရတဲ့ all time goddess, Miss Universe (2002, Resigned), Oxana Fedorova ပဲ ဖြစ်ပါတယ်။ မကြိုက်ဆုံးအလှမယ်ကတော့ Miss Universe 2006, Zuleyka Rivera (Puerto Rico)ပါ။ Zuleykaဟာ sexyဖြစ်တာလွန်သွားပြီး Miss Universe ဘွဲ့နဲ့တောင် မကိုက်တော့သလိုပါပဲ။ ရုတ်တရက်ကြည့်လိုက်ရင်လည်း lady boyနဲ့တူသလိုပါပဲ။ ပြိုင်ပွဲဝင်တာကို ကြည့်ရတုန်းကလည်း မြင်မြင်ချင်းကတည်းက "ဟင်.. ဘယ်လိုကြီးလည်း"ဆိုပြီး ဖြစ်သွားပါတယ်။ နောက်ဆုံးတော့ သူမ..ဆုရသွားပါတယ်။

Zuleyka Rivera, MU 2006

Oxana အကြောင်းပြန်ဆက်ပါရစေ။ :) သူမဟာ ရုရှားကပါ။ ပြိုင်ပွဲဝင်နေတုန်းမှာ ဒိုင်တွေအားလုံးရဲ့ တညီတညွတ်တည်း သဘောကျခြင်းပြီး အမှတ်တွေအများကြီးပေးခြင်းကိုခံရတဲ့ အလှမယ်လည်း ဖြစ်ပါတယ်။ Global Beauties ကပေးတဲ့ (၁၉၅၂)မှ (၂၀၁၀)ခုနှစ်ကြားမှာ အလှပဆုံးသော Miss Universe ဆုကို ရထားတဲ့သူလည်း ဖြစ်ပါတယ်။ သူမအကြောင်းတွေကတော့ အရင်ကလည်း ရေးဖူးထားတာမို့ ဒီပို့(စ်)မှာ သိပ်..မရေးတော့ပါဘူး။ ဖတ်ချင်ရင်တော့ အောက်ကလင့်(ခ်)တွေမှာ သွားဖတ်လို့ ရပါတယ်။
Oxana Gennadyevna Fedorova (1)
Oxana Gennadyevna Fedorova (2)
Oxana Gennadyevna Fedorova (3)

Russian Beauty Queen, Oxana
+ + + + + + + + + +

Oxana ပြီးရင်တော့ Latina Beauty Queenဖြစ်တဲ့ Miss Universe 2008, Dayana Mendoza ကို ကြိုက်ပါတယ်။ Venezuela နိုင်ငံက အလှမယ်ပါ။ သူမ ကလေးဘဝတုန်းက ပြန်ပေးဆွဲခံရဖူးလို့ သူမဟာ အကြောက်ရောဂါ ရဖူးပါတယ်လို့ သိရပါတယ်။



MU2008ပွဲကို ဗီယက်နမ်မှာ ကျင်းပခဲ့တာပါ။ အဲ့ဒီနှစ်ကမယ်တွေကြားထဲမှာ ထူးခြားတာတစ်ခုက top-10 finalist ထဲက မယ်လေးယောက် ( Miss Mexico, Miss Columbia, Miss Russiaနဲ့ Miss Venezula) တို့ဟာ evening gown competition မှာ ဂါဝန်ကိုလွင့်လွင့်လေးတွေဖြစ်အောင် အစလေးတွေကို ကိုင်ပြီး ကိုယ်ကိုတစ်ပတ်လှည့်ပြီး ပို့(စ်)ပေးကြတာပါပဲ။ Dayanaကတော့ လှည့်လိုက်တာ လွင့်ကနဲပါပဲ။ အဲ့ဒီလေးယောက်ထဲမှာတော့ Dayana နဲ့ Miss Mexico အလှဆုံးပါပဲ။ ဒါပေမဲ့ Dayanaက Miss Mexicoထက် အမှတ်ပိုရပါတယ်။ (၉.၆၉၇) ပါ။

Dayana ပြိုင်ပွဲဝင်နေတုန်းက ပုံတွေ =)
Photo Shoot Event @ MU2008
Dayanaကို နောက်ထပ်တစ်ခုပြောစမှတ်ပြုကြတာက final question မှာ သူမဖြေသွားတာကိုပါ။ Best Answer တွေထဲက တစ်ခုအဖြစ် MUလောကမှာ သမိုင်းတွင်သွားပါတယ်။ သူမကို ဒိုင်က "ဘဝမှာ မိန်းကလေးဖြစ်ရတာနဲ့ ယောကျာင်္းလေးဖြစ်ရတာ ဘယ်ဟာက ပိုလွယ်ပါသလဲ"လို့မေးတဲ့အခါ Dayana ပြန်ဖြေလိုက်တာက
" ဘုရားသခင်က ကျမတို့ကို မတူအောင် ဖန်ဆင်းထားပါတယ်။ ကြီးမားတဲ့ကွဲပြားမှုလား? ကျမကတော့ အဲ့လိုမထင်ပါဘူး။ ကွဲပြားချက်ကတော့ ယောကျာင်္းတွေက တစ်ခါတည်း သွားလို့ရမဲ့ နည်းကို မြန်မြန်ဆန်ဆန်ရှာတွေ့ဖို့ စဉ်းစားတတ်ကြပါတယ်။ မိန်းမတွေကတော့ ပိုမြန်တဲ့နည်းလမ်းဆိုတာ အကွေ့အကောက်တွေဆီသွားပြီး အဲ့ဒီအကွေ့အကောက်တွေကို ရှင်းရမယ်ဆိုတာကို သိကြပါတယ်"
လို့ ပြန်ဖြေလိုက်ပါတယ်။ သူမ ပြန်ဖြေတဲ့အချိန်မှာ သူမဟာ သူမရဲ့အဖြေပေါ်မှာ ယုံကြည်မှုရှိတယ်ဆိုတာ လုံးဝ သိသာပေါ်လွင်ပါတယ်။ အင်္ဂလိပ်သဒ္ဒါမမှန်ပေမဲ့ သွက်သွက်လက်လက် ထက်ထက်မြက်မြက်ပဲ ဖြေသွားပါတယ်။ လက်ကလည်း အမူအရာလုပ်ပြလိုက်ပါသေးတယ်။ အောက်က video clip ကတော့ သူပြိုင်ပွဲဝင်ထားတာတွေကို ပေါင်းပြီးတင်ထားတာလေးပါ။


Dayana ဟာ (၂၀၁၁)ခုနှစ်၊ စက်တင်ဘာလမှာ.. Global Beauties ကပေးတဲ့ (၁၉၅၂)ခုနှစ်မှသည် (၂၀၁၀)ခုနှစ်ကြား အလှပဆုံးမယ်စကြာဝဠာများ list မှာ တတိယ ချိတ်ခဲ့ပါတယ်။ အညိုရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးပိုင်ရှင် Dayana ဟာ ယခုလက်ရှိအချိန်မှာတော့ America မှာ မော်ဒယ်အလုပ်လုပ်ကိုင်နေပါတယ်။ (၂၀၁၂)ခုနှစ် ဇွန်လ (၃)ရက်နေ့မှာကျင်းပတဲ့ Miss  USA 2012 ပြိုင်ပွဲမှာ သူမဟာ ဒိုင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

+ + + + + + + + + +

ကျမရဲ့ favourite list ထဲက တတိယမြောက် မယ်စကြာဝဠာကတော့ Miss Universe, 2005 ဖြစ်တဲ့ ကနေဒါနိုင်ငံသူ Natlie Glebovaပါ။ ကနေဒါနဲ့ ရုရှားစပ်ထားတာပါ။ မျက်လုံး တအားလှပါတယ်။ သူမကို ရုရှားမှာ မွေးဖွားခဲ့ပြီး သူမအသက်(၁၃)နှစ်မှာမှာ မိဘများနဲ့အတူ ကနေဒါကို ရွှေ့ပြောင်းနေထိုင်ခဲ့တာပါ။

Natlie Glebova, MU 2005


အရမ်းရှည်သွားမှာစိုးလို့ ဒီနေရာမှာ ရပ်လိုက်ပါတယ်။ ဆက်ရန် ... :)

Regards, witch83
References:
  1. http://www.missuniverse.com
  2. http://www.globalbeauties.com
  3. http://en.wikipedia.org/wiki/Miss_Universe
  4. Google

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer